လ - အောက်တိုဘာ 2019

မေတ္တာစားသောက်ပွဲ

ဒိန်းမတ်ရုပ်ရှင် Babette's Feast တွင် ပင်လယ်ကမ်းခြေရှိ ရွာတစ်ရွာသို့ ကူညီရာမဲ့သူ ပြင်သစ်အမျိုးသမီး ဘေဘီ ရောက်လာပြီး သူ့အား ရပ်ရွာရှိ ဘာသာရေးခေါင်းဆောင် သက်ကြီးအမျိုးသမီး ညီအစ်မနှစ်ဦးက သူ့ကို လက်ခံပေးခဲ့သည်။ သို့နှင့် ထိုအိမ်တွင် အိမ်ထောင်ထိန်းသိမ်းပေးသူအဖြစ် ဘေဘီ ၁၄ နှစ်တာမျှ လုပ်ကိုင်ခဲ့သည်။ ဘေဘီသည် ငွေအတော်အတန် စုမိဆောင်းမိသောအခါ အသင်းတော်မှ လူ ၁၂ ဦးကို ဖိတ်ကြားပြီး အံ့မခမ်းသော ပြင်သစ်အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အစားအသောက်များကို တစ်မျိုးပြီးတစ်မျိုး စားသောက်ကြရင်း ဧည့်သည်များမှာ စိတ်သက်သာရာရပြီး သက်သောင့်သက်သာဖြစ်လာသည်။ လူအချို့၏စိတ်၌ ခွင့်လွှတ်ခြင်း ခံစားရသည်။ အချို့တို့တွင် မေတ္တာစိတ် ပြန်လည်ဖြစ်ပေါ်လာသည်။ အချို့က ငယ်စဉ်ဘဝက သူတို့မြင်တွေ့ခဲ့ရသည့် အံ့သြဖွယ်အတိတ်နှင့် သင်ကြားခဲ့ ရသော သမ္မာတရားများကို ပြန်လည် မြင်ယောင်သတိရမိကြသည်။ “သူငယ်တို့၊ အချင်းချင်း ချစ်သောစိတ်ရှိကြလော့” ဟု…

ဒုတိယတန်းစား မဟုတ်

ပထမကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် သမ္မတ ဝုဒ်ရိုး ဝီလ်ဆင်အား ကမ္ဘာပေါ်ရှိ သြဇာအာဏာကြီးမားသည့် ခေါင်းဆောင်များအနက်တစ်ဦးအဖြစ် သိမှတ်ကြသည်။ သို့သော် သူသည် ၁၉၁၉ ခုနှစ်၌ လေဖြတ်သွားပြီးနောက်ပိုင်း မည်သည့်ပြဿနာများကို သမ္မတကြီးထံ တင်ပြသင့်မသင့် ဆုံးဖြတ်ပေးခြင်း စသည်ဖြင့် သူ၏အမှုရေးရာ အားလုံးနီးပါးကို ဇနီးဖြစ်သူကသာ စီမံခန့်ခွဲကြောင်း လူနည်းစုသာ သိရှိကြသည်။ အချိန်ကာလတစ်ခုအတွင်း အီးဒစ် ဝီလ်ဆင်သည် အမှန်ပင် အမေရိကန် ပြည်ထောင်စု၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ခေတ်သစ် သမိုင်းပညာရှင်များ ယုံကြည်ထားကြသည်။

ကနဦးအသင်းတော်၏ ခေါင်းဆောင်များဟု မေးလာလျှင် ကျွန်ုပ်တို့အများစုက ပေတရု၊ ပေါလုနှင့် တိမောသေ စသည်ဖြင့် သူတို့အကြောင်း အချက်အလက် စုံစုံလင်လင် ပြုစုခံရသူများကိုသာ ဖြေမိမည်။ သို့သော် ရောမ ၁၆ တွင် ရှင်ပေါလုက အမျိုးသား၊ အမျိုးသမီး၊ ကျွန်၊ ဂျူးလူမျိုး၊ တစ်ပါးအမျိုးသားစသည်ဖြင့် အသင်းတော်အတွက်…

သံမဏိနှင့် ကတ္တီပါ

‘‘လူသားတို့၏သမိုင်းတွင် ပေါ်ထွန်းလေ့မရှိသည့် သံမဏိနှင့်ကတ္တီပါ ဂုဏ်ရည် နှစ်မျိုးလုံးရှိသူ... ဆိုးရွားလှသည့်မုန်တိုင်းနှင့် နှုတ်ဖြင့်ဖော်မပြနိုင်သော ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေးတို့၏ ၀ိရောဓိကို သူ့နှလုံးသားနှင့် စိတ်ထဲ၌ ခံယူစွဲကိုင်သူတစ်ဦးသည် ဤလောက၌ ပေါ်ထွန်းခဲ့သည်’’ ဟူ၍ အမေရိကန်ပြည်ထောင်စု၏သမ္မတဟောင်း အာဗြံဟံလင်ကွန်း ကို ရည်ညွှန်း၍ ကဗျာဆရာ ကားလ် ဆန်းဘတ်က ရေးသားခဲ့သည်။ သူ့ရုံးတော်မှ အခွင့်အာဏာ နှင့် (လွတ်လပ်ရေးကို တောင့်တသူ တစ်ဦးချင်းစီအတွက်) ဝန်တာထားသည့်စိတ်ကို သမ္မတကြီး မည်ကဲ့သို့ညီမျှထိန်းညှိ ခဲ့သည်ကို ‘‘သံမဏိနှင့် ကတ္တီပါ’’တို့က ဖော်ကျူးနေသည်။

သမိုင်းတစ်လျှောက်လုံး၌ ခွန်အားနှင့် သိမ်မွေ့ နူးညံ့မှု၊ တန်ခိုးနှင့်သနားကြင်နာမှုတို့ကို အပြည့်အဝ အကောင်းဆုံး ထိန်းညှိနိုင်ခဲ့သူ တစ်ဦးတည်းရှိသည်။ ထိုသူသည် သခင်ယေရှုခရစ်ပင် ဖြစ်သည်။ ယော ၈ ၌ အပြစ်ကျူးလွန်သည့် အမျိုးသမီးကို အပြစ်စီရင်လိုသည့် ဘာသာရေးခေါင်းဆောင်များနှင့် ရင်ဆိုင်ရသော် သခင်ယေရှုသည် သံမဏိနှင့်ကတ္တီပါ စိတ်ထားကို…

ကျွန်ုပ်တို့ချီးမွမ်းအေးကျူးသောအခါ

၂၀၁၄ ခုနှစ်တွင် အသက် (၉) နှစ်အရွယ် ဝီလီလေး အိမ်ရှေ့ပန်းခြံမှ ပြန်ပေးဆွဲခံရစဉ်က သူ့အကြိုက် Every Praise ဆိုသော ဘုရားသီချင်းကို ထပ်ခါထပ်ခါသီဆိုနေခဲ့သည်။ ပြန်ပေးသမားများက ကားဖြင့် ခေါ်ဆောင်လှည့်ပတ်မောင်းနေသည့် ထိတ်လန့်ဖွယ် (၃) နာရီကာလအတွင်း သူ့အား တိတ်တိတ်နေရန် ပြောသည်ကို လျစ်လျူကာ ဝီလီလေးသည် ချီးမွမ်းသီဆိုမြဲသီဆိုခဲ့သည်။ နောက်ဆုံး၌ ပြန်ပေးသမားက သူ့ကို အန္တရာယ်မပြုဘဲ ပြန်လွှတ်ပေး ခဲ့သည်။ သူ့၏ကြောက်စိတ်ကို ယုံကြည်ခြင်းဖြင့် ပုံအပ် လိုက်သောအခါ ပြန်ပေးသမားများသည် ထိုသီချင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံရသည်ဟု နောက်ပိုင်းတွင် ဝီလီက သူ့အတွေ့အကြုံကို ပြန်ပြောပြခဲ့သည်။

သူ့အတွက် ကြောက်မက်ဖွယ်အခြေအနေ၌ ဝီလီ၏ တုံ့ပြန်မှုက ပေါလုနှင့်သိလတို့ သက်သေခံဝေမျှခဲ့သည့် အတွေ့အကြုံနှင့် အတူတူပင်ဖြစ်သည်။ ရိုက်နှက်ညှဉ်းဆဲခံရပြီး ထောင်ထဲ အချုပ်ခံ ရပြီးနောက် သူတို့သည် ‘‘ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်…

သမ္မာတရား - ခါးသလား၊ ချိုသလား။

ကျွန်ုပ်၏နှာခေါင်းပေါ်တွင် အဖုလေးတစ်ဖုမှာ တစ်နှစ်ခန့် ဘာမှမဖြစ်ဘဲ ရှိနေခဲ့ပြီးမှ ဆရာဝန်ထံ သွားပြခဲ့သည်။ အသားစ စစ်ဆေးချက်အရ အရေပြားကင်ဆာဟူသည့် ကျွန်ုပ်မကြားလိုသည့် အဖြေထွက်လာသည်။ ဤကင်ဆာရောဂါကို ခွဲစိတ်ကုသနိုင်ပြီး အသက် အန္တရာယ်မစိုးရိမ်ရသော်လည်း ယင်းသည် မျိုရခက်သည့်ဆေးခါးကြီးပါ။

ဘုရားသခင်က ယေဇကျေလအား ညည်းတွား မြည်တမ်းစရာနှင့် စိတ်ပျက်စရာအကြောင်းများပါသည့် စာလိပ် - ဆေးခါးကြီးကို မျိုခိုင်းခဲ့သည် (ယေဇ ၂း၁၀၊ ၃း၁-၂)။ သူသည် ‘‘ထိုစာလိပ်ကိုစား၍ ဝမ်းဖြည့်’’ရမည်ဖြစ်ပြီး ဘုရားသခင်က ‘‘ရဲရင့်သောမျက်နှာနှင့် ခိုင်မာသောနှလုံး’’ ရှိသည်ဟု သတ်မှတ်သည့် ဣသရေလအမျိုးသားတို့ကို ကြားပြောရမည် (၂း၎)။ ပဲ့ပြင် ဆုံးမမှုများနှင့် ပြည့်သည့်စာလိပ်မှာ ဆေးခါးကြီးကဲ့သို့ ခါးလှမည်ဟု အချို့က ထင်မည်။ သို့သော် ယေဇကျေလက သူ့ပါးစပ်၌ "ပျားရည်ကဲ့သို့ ချိုသည်"ဟု ဖော်ပြခဲ့သည် (၃း၃)။

ယေဇကျေလသည် ဘုရားသခင်၏ပြုပြင်ခြင်းအရသာကို ခံစားရခဲ့ပုံပေါ်သည်။ ဘုရားရှင်က အပြစ်ပြသွန်သင်ဆုံးမခြင်းကို…